သမဝါယမတက္ကသိုလ်(သန်လျင်)


သန်လျင်၊ မတ် ၂၅
သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ သင်တန်းနှစ် အသီးသီး၏ ပထမနှစ်ဝက်စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း(၂)ကြိမ်ခွဲ၍ စစ်ဆေးလျက်ရှိရာ စာမေးပွဲဖြေဆိုသူ ပထမနှစ်(၄၃၅)ဦး၊ ဒုတိယနှစ် (၃၅၇)ဦး၊ တတိယနှစ် (၄၄၂)ဦး၊ စတုတ္ထနှစ် (၅၅၃)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၉)ဦး၊ မဟာတန်း (ပထမနှစ်) ( ၄၅ )ဦးနှင့် မဟာတန်း (ဒုတိယနှစ်) ( ၄၅ )ဦး၊ စုစုပေါင်း ( ၁၈၈၆ ) ဦး ဖြေဆိုကြသည်။
ယနေ့ ပဥ္စမမြောက်စာမေးပွဲစစ်ဆေးသည့်နေ့တွင် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ ဦးဆောင်သည့် စာမေးပွဲစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအဖွဲ့သည် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့သည်။



  • ရေးသူ: admin
  • ဖော်ပြသည့် နေရာ: သတင်း
  • ပေးပို့သည့်နေ့ရက်: 2019-03-26
  • ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 40
  • မှတ်ချက်: 0

Tags:

အမျိုးအစားတူသော သတင်းများ

Tags တူသော ဆက်စပ်သတင်းများ

မှတ်ချက်ရေးရန်